ဟင့်အင်းထုနဲ့ အလုံးလိုက်ပေး
ဒီတစ်ခါ အညာကဟာသလေးတွေ ပြောပြချင်ပါသေးတယ်၊ အညာကရွာတွေမှာ များသော
အားဖြင့် ရဟန်းသံဃာတွေ အလည်ရောက်လာရင် အာရုဏ်ဆွမ်းနေ့ဆွမ်းအပြင်
ညတွင်းခြေခင်းလက် ခင်းသာနေရင် ကြွရောက်လာတဲ့ ရဟန်းသံဃာတွေကို ရွာထဲက
အိမ်ကိုအလည်ပင့်တတ်ကြပါတယ်။
ခုဖြစ်ပျက်ခဲ့တဲ့ရီစရာလေးကလည်း
အဲဒီလိုပင့်ရာကနေဖြစ်ပေါ်လာတာပါ ဖြစ်ပုံကဒီလိုပါ မုံရွာမြို့အနီး
ဘုတလင်မြို့ထဲက ငပယင်းဆိုတဲ့ အိမ်ခြေတစ်ထောင်ကျော်လောက်ရှိတဲ့
ရွာကြီးတစ်ရွာရှိ ပါတယ်၊ အဲဒီရွာကြီးက ဘုန်းကြီးကျောင်းတွေကလည်း (၈)
ကျောင်းလောက်ရှိပါတယ်၊ နွေအခါ စာသင်သားသံဃာတော်တွေများ မြို့က
အလည်ပြန်လာရင် တစ်ရွာလုံးရဲဘလောင်းထသွားတာပါပဲ၊ အဲဒီလောက်ရဟန်းသံဃာ
ထွန်းကားတာပါ၊ နွေခါတစ်ခုမှာပေါ့ စာသင်သားသံဃာလေးတွေရွာမှာ ပြန်လာတုန်း
မထွန်းမေတို့အိမ်က ပင့်ဖိတ်ပြီး ညမှာညဂျင်းသုတ်၊ အဖျော်ရည်၊ ထန်းလျှက်ခဲစတာ
တွေကပ်ပါတယ်၊
မထွန်းမေတို့အိမ်ဆိုတာကလည်း
ရွာမှာကလေးအများဆုံးထုတ်လုပ်နိုင်တဲ့အိမ်ပါ၊ ဒီကြားထဲ နှစ်ခါ လောက်က
အမွှာပူးလေးတွေမွေးလို့ ကလေးထုတ်လုပ်မှု ချန်ပီးယံဆုတောင် ပေးရလောက်ပါတယ်၊
ဒီလိုကလေးထုတ်လုပ်မှု ချန်ပီယံအိမ်မှာ ကိုယ်တော်လေးတွေနဲ့ အိမ်ရှင်တွေ
ဧည့်ခံစကားပြောနေ တုန်း သူသားအငယ်ကောင်လေးက တဂျီဂျီနဲ့ “အမေ့ ထန်းလျှက်ပေး၊
အမေ့ ထန်းလျှက်ပေး“ နဲ့ တောင်းနေပါတယ်၊
ဧည့်သည်တွေသံဃာတွေရှေ့ဆိုတော့ မထွန်းမေခမျာ
ဒုက္ခရောက်နေတာပေါ့ မျက်ရိပ်ပြလို့က လဲမရ ကလေးဆိုတော့ အရိပ်ပြလို့ကလဲ
အကောင်မထင်နဲ့ နောက်ဆုံး မထွန်းစိတ်တိုတိုနဲ့ “ အယ် ဒီကောင်လေး
ထုလိုက်ရ”အပြောမှာ သူသားမောင်ပြန်ပြောလိုက်တဲ့ စကားကြောင့် ငိုအားထက်
ရယ်အားသန်ခဲ့ရပါတယ်၊ ကြည့်ဦးလေ သူသားမောင်လူ လည်ပြောပုံက “ ဟင့်အင်းထုနဲ့
အလုံးလိုက် ပေးတဲ့”
ကဲ အဲဒါမှမှတ်ကရော ခုက်ရာကတခြား ရှရာကတစ်လွဲဖြစ်တာနဲ့၊ အလုံးလိုက်ကို နှိုက်ပေးလိုက်ရ ပါတော့တယ်။ ။
No comments:
Post a Comment