စာရေးသူရောစာဖတ်သူပါ တစ်ခါတစ်ခါ မေ့တတ်ပါတယ်၊ ဒါကြောင့် မေ့တတ်တာ လေးတွေပြောကြည့်ချင်ပါတယ်၊
လုံးဝမေ့တတ်တာမျိုးကို ဆေးပညာအခေါ်ကတော့
အယ်လ်ဇိုင်းမားခေါ်တယ်လို့မှတ်သားဖူးပါတယ်၊
စာရေးသူရော စာဖတ်သူရော ဘ၀များစွာ
မေ့လာကြတာပါ၊ မေ့တယ်ဆိုတာ ကုသိုလ်ကောင်းမှုတွေလုပ်ရတာကိုမေ့လာတာပါ၊
အကုသိုလ်မကောင်းမှုတွေပဲ လုပ်ခဲ့တာများလာတာပါ၊ ဒါကြောင့်လည်း
သံသာရေယာဉ်ကြောမှာစုန်လိုက်ဆန်လိုက် မျောနေတာပါ။
“ကုသိုလ်ဥစ္စာ ခန့်ကျန်းမာ၍ ပညာ တန်းခိုး တမျိုးမျိုးမှ ကိုယ်ကျိုးမထွက် ထိုနေ့ရက်သည် သက်သက် ၀မ်းနည်းဖွယ်”
တောင်မြို့ဆရာဘုရားကြီးရေးသားခဲ့တဲ့ စာသားလေးပါ၊ တစ်နေ့တစ်နေ့
ကိုယ်ကိုကိုယ် မမေ့အောင် တန်ဖိုးရှိအောင်နေတတ်ဖို့ သတိပေးနေတဲ့ စာသားလေးပါ၊
နေ့တစ်နေ့ ရောက်လာရင် မိုးလင်းကမိုးချုပ် ကိုယ့်အတွက်ဘာများကျန်သလဲ၊
ကုသိုလ်လား၊ ဥစ္စာလား၊ပညာလား၊ကျန်းမာရေးလား ဘာကျန်ခဲ့လဲ ဆိုတာ
တွေးဆသင့်ပါတယ်၊တစ်ခုမှ မကျန်ခဲ့ရင် အဲဒီနေ့ဟာ
ဝမ်းနည်းစရာကောင်းတဲ့နေ့တစ်နေ့ပါ၊ အားမနာတမ်းပြေရရင်ကိုယ့်ကိုကိုယ်
မေ့နေတဲ့နေ့ပေါ့၊
သိဖူးတဲ့ဒကာတစ်ယောက်ရှိပါတယ်၊သူက
စာရေးသူကိုလျှောက်ထားဖူးပါတယ် “တပည့် တော်ဘုရား၊ တပ်ကထွက်တုန်းက ငါအတွက်
သံသရာပါမယ့်အလုပ်တွေလုပ်တော့မယ်၊ကျန်တဲ့လောကီအလုပ်တွေမလုပ်တော့ဘူး
လို့ပြောခဲ့ဘူး တယ်ဘုရား၊ နောက်
ဝိပဿနာတရားတွေလည်းအားသွန်ခွန်စိုက် ကြိုးစားအား ထုတ်မယ်လို့ အားခဲထား
တယ်ဘုရား၊
ဒါပေမဲ့ ခု တပည့်တော်ဘုရားတပ်ကထွက်တာ (၁၅)နှစ်ရှိသွားပြီ ဘာမှ
ဟုတ်တိပတ်တိမလုပ်ဖြစ်သေးဘူးဘရား၊” သူအသံကြားရတာ နောင်တရနေသလိုပါပဲ၊ တကယ်ပြောပြရရင် သူကသူကိုယ်သူမေ့နေတာပါ၊
ပြောမဲ့သာပြောရတာပါ၊ စာရေးသူကိုယ် တိုင်လည်း မေ့နေတာတွေအများကြီးပါ၊
တစ်နေ့တာသင်တဲ့ သင်ခန်းစာတွေကို တစ်နေ့တည်းနဲ့ ပြတ်အောင်မလုပ်မိလို့
စာမေးပွဲနီးတော့ အခက်တွေ့ခဲ့ရပါတယ်၊ဒါဟာ မေ့နေတာကရတဲ့ အ ကောင်းဆုံး သင်္ခန်းစာယူစရာ တွေပေါ့၊ဒါက သာမညမေ့တတ်တာလေးတွေပါ၊
မြတ်စွာဘုရားစကားတော်နဲ့ ပြောကြည့်ရရင်“မေ့နေသူဟာ သေနေတဲ့သူပါတဲ့၊သတိနဲ့ နေတဲ့ သူဟာ၊မမေ့တဲ့သူဟာ မသေတဲ့သူပါတဲ့”၊ဆိုချင်တာက
ကုသိုလ်ကောင်းမှုတရား တွေကို သတိလေးနဲ့ လုပ်ဆောင်နေတဲ့ သူ၊ ငါ
ဘာလုပ်နေသလဲလို့လှုပ်ရှားမှုတိုင်းကို အသိလေးကပ်ပြီး သတိလေးနဲ့ မှတ်မိနေသူဟာ
အမြဲတမ်းကိုယ်ကိုကိုယ်နှိုးစက်ချ ထားလို့ ရှင်သန်နေသူလို့ ပြောရမှာပါ၊
မြတ်စွားဘုရားကိုယ်တော်မြတ် ကြီးက နောက်ဆုံးအနေနဲ့တောင်
“မမေ့ကြနဲ့”လို့ မှားကြားခဲ့တယ်မို့လား၊ဒါကြောင့် ခုချိန်က စပြီး
မမေ့အောင်ကြိုးစားကြည့်ကြစို့လား မိတ်ဆွေရယ်။ ။
ရွှေမန်းသား ( အရွင္အကုၤရ)
No comments:
Post a Comment