မေး=အကုသိုလ်ကံလုပ်ထားတဲ့သူတွေဟာ ကုသိုလ်လုပ်ရင်ပျောက်ပါသလားဘုရား၊ ဒါမှ
မဟုတ်အဲဒီလုပ်ထားတဲ့ အကုသိုလ်ကံများဟာ ဘယ်အချိန်မှာခံရမှာပါလဲဘုရား။
Amain
ဖြေ= အမိန့်ဆိုတဲ့ ဒကာလေးတစ်ယောက်ကမေးထားတဲ့မေးခွန်းလေးပါ၊ ဒီမေးခွန်းလေး ကိုဖြေရမယ်ဆိုရင် ပထမဆုံး ကံတွေရဲ့အကျိုးပေးပုံလေးတွေကို အရင်ရှင်းပြရပါလိမ့် မယ်၊ ဘာကြောင့်လည်းဆိုတော့ ကံတွေရဲ့အကျိုးပေးပုံကိုသိရရင် ဒီမေးခွန်းရဲ့အဖြေ လေးတွေကရှင်းသွားမှာမို့ပါ၊
ကံတွေက ဘာကိုလိုက်ပြီးအကျိုးပေးသလဲဆိုရင် ကိုယ်ကုသိုလ်လုပ်ချိန်၊ ဒါမှမ ဟုတ်အကုသိုလ်လုပ်နေတဲ့အချိန်မှာဖြစ်နေတဲ့စိတ်သတ္တိလေးတွေပေါ်မူတည်ပြီးအကျိုးပေးပါတယ်၊ ဒီစိတ်သတ္တိလေးတွေကို အဘိဓမ္မာအနေနဲ့ကြတော့ ဇောစိတ်လို့ခေါ်ပါ တယ်၊ ဒီဇောစိတ်တွေက ဘယ်နှစ်ကြိမ်ဖြစ်လဲဆိုရင် အဲဒီလိုကုသိုလ်လုပ်နေတာပဲဖြစ် ဖြစ် အကုသိုလ်လုပ်နေတာပဲဖြစ် (၇) ကြိမ် (၇) ခါဖြစ်ပါတယ်၊ အဲဒီလိုဖြစ်တဲ့ဇောစိတ် လေးတွေထဲမှာ ပထမဆုံးဖြစ်တဲ့ဇောစိတ်က

ယခုလက်ရှိဘ၀မှာအကျိုးပေးပါတယ်၊ ဒါပေမဲ့ အဲဒီပထမဇောစိတ်လေးက
ယခုလက်ရှိဘ၀မှာအကျိုးမပေးရင် နောက်ဘ၀တွေ ရောက်သွားလို့ရှိရင်
အကျိုးမပေးတော့ပါဘူး၊ နောက်တစ်ခါ နောက်ဆုံးမှာဖြစ်တဲ့ (၇)
ကြိမ်မြောက်ဇောစိတ်ကလေးကတော့ ဒုတိယဘ၀မှာအကျိုးပေးပါတယ်၊ အဲဒီ ဒုတိယ
ဘ၀မှာအကျိုးမပေးဖြစ်ခဲ့ရင်တော့ သူကလည်းပျောက်ပျက်သွားတဲ့ ကံစာရင်းထဲပါသွား
ပါတယ်၊ နောက်နောက်ဘ၀တွေကိုလိုက်ပြီး အကျိုးမပေးနိုင်တော့ပါဘူး၊ ခုဆိုရင်
ဇော စိတ်လေးတွေက (၇) ခုရှိတယ်လို့ပြောထားရာမှာ
ရှေ့ဆုံးဇောစိတ်နဲ့နောက်ဆုံးဇောစိတ် လေးတွေ ဖယ်ထားလိုက်မယ်ဆိုရင်
အလယ်ကငါးခုပဲကျန်ပါတော့တယ် အဲဒီဇောစိတ် လေးတွေကတော့
နိဗ္ဗာန်မရမခြင်းမရောက်မခြင်း ဖြစ်လေရာရာဘ၀တွေမှာအကျိုး ပေးပါတယ်၊
ဖတ်နေရင်းနဲ့ရှုတ်သွားလားမသိပါဘူး၊ အဘိဓမ္မာအကြောင်းလေးတွေဆိုတော့ နဲနဲတော့
နားလည်ရတာခက်ခဲနေမယ်ထင်ပါတယ်၊ ဒါပေမဲ့ဖတ်ရင်းနဲ့တဖြေးဖြေးချင်းနား
လည်သွားမှာပါ၊ ဒါကြောင့်ဆက်ဖတ်ကြည့်လိုက်ပါဦးလို့ပြောပါရစေ၊
အဲဒီတစ်ခါ ဘ၀မကူးပဲလက်ရှိဘ၀မှာအကျိုးပေးနိုင်တဲ့ အကုသိုလ်ပြစ်မှုကံကြီး တွေအကြောင်းကိုဆက်ပြောပြပါမယ်၊ အဲဒီအကုသိုလ်ပြစ်မှုကြီးတွေက -
အဲဒီတစ်ခါ ဘ၀မကူးပဲလက်ရှိဘ၀မှာအကျိုးပေးနိုင်တဲ့ အကုသိုလ်ပြစ်မှုကံကြီး တွေအကြောင်းကိုဆက်ပြောပြပါမယ်၊ အဲဒီအကုသိုလ်ပြစ်မှုကြီးတွေက -
(၁)အမေကိုသတ်တာ
(၂)အဖေကိုသတ်တာ
(၃)ရဟန္တာကိုသတ်တာ
(၄)ဘုရားကို သွေးထွက်သံယိုဖြစ်အောင်လုပ်တာ
(၅)ညီညွတ်နေတဲ့သံဃာတွေကို မညီညွတ်အောင်အသင်းခွဲတာ
(၂)အဖေကိုသတ်တာ
(၃)ရဟန္တာကိုသတ်တာ
(၄)ဘုရားကို သွေးထွက်သံယိုဖြစ်အောင်လုပ်တာ
(၅)ညီညွတ်နေတဲ့သံဃာတွေကို မညီညွတ်အောင်အသင်းခွဲတာ
လို့ပြစ်မှုကြီးငါးခုရှိပါတယ်၊
ဒီပြစ်မှုအကုသိုလ်အပြစ်ကြီးတွေကို လွန်ကျူးရင်တော့ ဘ၀ မကူးပဲ
လက်တွေ့ဘ၀မှာကိုပဲ အပြစ်ဒဏ်ခံရမှာပါ၊ ဒါကအကုသိုလ်မကောင်းမှုဘက်
ကနေပြောပြတာပါ၊ ကုသိုလ်လုပ်လို့ ဒီလိုလက်ရှိဘ၀မှာအကျိုးပေးဖို့ကြတော့ ကိုယ်
လုပ်တဲ့ကိုသိုလ်က စင်ကြယ်နေမှပါ၊ ဥပမာပြောရရင် မဟာဒုဂ်ဇာတ်လမ်လေးကိုကြည့်
ရင် သိနိုင်ပါတယ်၊ မဟာဒုဂ်ဟာ မနက်ခင်းမှာကဿပမြတ်စွာဘုရားကိုဆွမ်းလှူပြီး
ညနေလည်းရောက်ရောရွှေမိုးငွေမိုးရွာလို့ သူဌေးကြီးဖြစ်ပြီး
လက်ရှိဘ၀မှာအကျိုးခံစား သွားရပါတယ်၊ ဘာကြောင့်
ဒီလိုလက်ရှိဘ၀မှာအကျိုးခံစားရသလဲဆိုရင် မြတ်စွာဘုရား
ကလည်းနိရောဓသမာပတ်ကထလာတာရယ်၊ မဟာဒုဂ်စေတနာကလဲလှူဖို့ရန်ထက် သနနေတာရယ်၊
လှူမဲ့ပစ္စည်းကလည်း သန့်သန့်ရှင်းနဲ့ရလာတာမို့ပါ၊ ဒါကြောင့် လက် တွေ့ဘ၀မှာ
အကျိုးတရားကဆိုက်ဆိုက်မြိုက်မြိုက်ဝင်လာရတာပါ၊
ဒါကတော့ လက်တွေဘ၀မှာအကျိုးပေးနိုင်တဲ့ပထမဇောစေတနာလို့ခေါ်တဲ့ ကံရဲ့ အကျိုးပေးပုံလေးပါ၊ နောက်တစ်ခု လူတိုင်းတွေ့ဖူးတာလေးဆက်ပြေပါဦးမယ်၊ တစ်ချို့ လူတွေမှာသေဆုံးခါနီးမှာ သံဃာတော် တွေပင့်ပြီးပရိတ်နာတာတို့ဆွမ်းကပ်တာတို့ လုပ် လေ့ရှိကြတယ်လေ၊ ဒါမှမဟုတ် ဆုံးခါနီးတဲ့သူကိုဘ၀ကူးကောင်းအောင်လို့ဆိုပြီး ပရိတ် ခွေတွေတရားခွေတွေဖွင့် ပေးထားတတ်ကြတယ်လေ၊ အဲဒီလိုလုပ်တဲ့ကံကို အာသန္နံကံ လို့ခေါ်ပါတယ်၊ မြန်မာလိုနားလည် လွယ်အောင်ပြောရရင်တော့ အရေးပေါ်ကံပေါ့၊ အဲဒီ ကံကလည်း နောက်ဒုတိယဘ၀မှာ အကျိုးပေးနိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူကသေခါနီးလေးကပ်ပြုလိုက်တဲ့အတွက် ဘ၀ကူးခါနီးသူအတွက် အရင်ကလုပ်ခဲ့တာ တွေကို မေ့နေပြီးလောလောလတ်လတ်လုပ် ထားတဲ့ကံလေးကိုပဲ သတိရနေလို့ပါ၊

အဲဒီလိုလောလောလတ်လတ်လုပ်ထားတဲ့ ကံမရှိခဲ့ရင်တော့ အမြဲလုပ်နေတဲကံတွေက
အကျိုးပေးမှာပါ၊ ဥပမာပြောပြရင် ဂုဏ်တော်တွေကို အမြဲရွတ်နေသူဆိုရင်
အဲဒီလိုအမြဲ ရွတ်ဆိုနေတဲ့ကံက အကျိုးပေးမှာပါ၊ ဒါမှမဟုတ် နွားသတ်
ဝက်သတ်အကုသိုလ်ကံတွေ တလစပ်လုပ်နေတဲ့သူဆိုရင် အဲဒီသူအမြဲလုပ်ခဲ့တဲ့ကံတွေက
အကျိုးပေးမှာပါ။
ကံအကြောင်းတွေက ပြောမယ်ဆိုရင်အများကြီးပါ၊ ဒီမှာမေးထားတဲ့မေးခွန်းလေး ပြန်ကောက်ပြီးဖြေရရင် အကုသိုလ်ကံလုပ်ထားတဲ့သူဟာ အထက်ကပြောပြီးသား ကြီး မားတဲ့အကုသိုလ်ကံကြီးတွေလုပ်မထားဘူးဆိုရင် ကုသိုလ်ကံလုပ်ရင်ပြေပြောက်နိုင်ပါ တယ်၊

ဘာကြောင့်လည်းဆိုတော့ ကုသိုလ်ကံနဲ့
အကုသိုလ်ကံကိုချိန်ကြည့်မယ်ဆိုရင် ကိုသိုလ်ကံက အကုသိုလ်ကံထက်
အလေးသားနေလို့ပါ၊ အဲဒီလိုအလေးသာလို့လည်း ကုသိုလ်ကံပြုလုပ်တဲ့အခါသာ
သူများကို “အမျှအမျှ” ယူတော်မူကြပါလို့ ကိုယ်လုပ်ထား
တဲ့ကုသိုလ်ကိုဝေပေးလို့ရတာပါ။ အကုသိုလ်ကံက
နဲနဲလေးမို့အဲဒီလိုဝေပေးလို့မရပါဘူး၊
ဘယ်အချိန်မှာ ကိုလုပ်ထားတဲ့ကံအကျိုးတရားတွေခံရမလဲဆိုတာကတော့
ဘယ်အချိန်မှာ ကိုလုပ်ထားတဲ့ကံအကျိုးတရားတွေခံရမလဲဆိုတာကတော့
အပေါ်မှာ ပြောခဲ့တဲ့ ဇောစိတ်
လေးတွေဖြစ်ပုံအပေါ်မှာ မူတည်ပြီးခံစားသွားရမယ်လို့မှတ်ထား လိုက်ပါ၊
ခုတော့ဒီလောက်နဲ့ပဲ ကံအကြောင်းလေးတွေကို ကျေနပ်ကြပါဦး၊ နောက်ထပ်
အချိန်ရရင်လည်း ထပ်ရေးပါဦးမယ်၊
ရွှေမန်းသား ( အရွင္အကုၤရ)
No comments:
Post a Comment