Sunday, 22 July 2012

တကယ်ချစ်ရဲ့လား



လေသာဆောင်ပေါ်တွင် ဘုရင်ကောသလနှင့်မိဖုရားမလ္လိကာတို့ မင်းလမ်းမကြီးဘက် ငေးကြီရင်း ထိုင်နေကြသည်၊ စိတ်ချလောက်သော နေရာဖြစ်သဖြင့်အစောင့်အရှောက်တို့က ဝေးရာတွင်ရှိနေသည်၊ ဘုရင်ကောလသက တိုးတိုးတိတ်တိတ် မလ္လိကာနားကပ်သွားပြီး တိုးတိုးလေး“မလ္လိကာ“ ဟုခေါ်လိုက်သည်၊ “မောင်တော်ဘုရား“ဟုပြန်လည်လျှောက်တင်ရင်း မင်းလမ်းမဘက်လှည့်ထားသောမျက်နှာတော်ကိုဘုရင် ကောသလဘက် လှည့်လိုက်သည်၊ 

ဘုရင်ကောသလက မလ္လိကာလက်ကလေးကို အသာအယာဆွဲယူရင်း၊ “ဒီကမ္ဘာပေါ်မှာ ဘယ်သူကိုအချစ်ဆုံးလဲ မလ္လိကာ” မလ္လိကာတွေတွေလေးစဉ်းစားနေသည်၊ ဘယ်လိုဖြေလိုက်ရမလဲ ဆိုသောအတွေး၊ အမှန်တိုင်းဖြေလိုက်လျှင် ဘုရင်ကောသလဒေါထသွာမည်ထင်သည်၊မတတ်နိုင် မလ္လိကာအမှန်တိုင်းဖြေလိုက်သည်၊ မှန်လှပါမောင်တော် မလ္လိကာကိုယ့်ကိုယ်ကိုအချစ်ဆုံးပါ မောင်တော်၊ 

ထင်ထားသည့်အတိုင်း ကောသလဒေါထသွားသည်၊ ဖြေစေချင်သည်က“ဒီကမ္ဘာပေါ်မှာမလ္လိကာအချစ်ဆုံးက မောင်တော်ပေါ့ မောင်တော်ရယ်“ဆိုသောအဖြေ၊ ကြားရတာက နားဝတွင်ခါးသီးသောအဖြေ ဘုရင်ကောင်သလ နားမလည်တော့ ဘုရားရှင်ကျောင်းတော်ဆီထွက်သွားပြီး ဖြေရှင်းချက်ကိုနာကြားသည်၊ဒီတော့မှ စိတ်သက်သာရာ ရသွားခဲ့သည်၊


          မှန်ပါသည်၊လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကိုပဲအချစ်ဆုံးပါ၊ ကိုယ်ကလွဲရင်သူတစ်ပါးကို ချစ် တယ်ဆိုတာအပေါ်ယံပါ၊ တကယ်အခက်ခဲနဲ့ကြုံတွေ့သောအခါ ကိုယ်လွတ်ရုံးသွားသူတွေဒုနဲ့ဒေးရှိနေကြသည်၊ လူတိုင်းတွင်မက သတ္တ၀ါတိုင်းပါဟုပြောလျှင် ပိုမှန်ကန်ပေလိမ့်မည်၊ ထို့ကြောင့်လည်းဘုရားရှင်က“အတ္တသမံ ပေမံ နတထ္ထိ”ဟုဟော တော်မူခြင်းဖြစ်ပေလိမ့်မည်၊


          သို့ပေမဲ့ ဒီစာလေးဖတ်နေရင်း တွေးကြည့်နေမိသည်၊ တကယ်ရော ကိုယ့်ကိုယ်ကိုချစ်ခဲ့ရဲ့လား၊ မချစ်ခဲ့ပါ၊ များသောအားဖြင့် ငယ်ငယ်တုန်းကတော့ မေမေဖေဖေက ဖေကြီးနဲ့မေကြီး ဘယ်သူပိုချစ်လဲလို့မေးသောအခါ အမေမေနဲ့အနေများသောမလေးက မေကြီးကိုအချစ်ဆုံးဟု ဖြေခဲ့ဘူးကြသည်၊ ကျောင်းနေစအရွယ်ရောက်တော့ သူငယ်ချင်းတွေကိုချစ်တတ်လာကြသည်၊ နောက် တက္က သိုလ်ရောက်တော့တိတ်တခိုးနဲ့ ချစ်သူငယ်ချင်းကောင်လေးကို တိတ်တခိုးနဲ့ချစ်တဲ့သူက ချစ်ကြရ သည်၊ စာတွေကဗျာတွေစီပေးပြီးချစ်သ၀ဏ်လွှာတွေပေးသူက ပေးခဲ့ဖူးကြသည်၊ကျောင်းပြီးလို့ 


အိမ်ထောင်တွေကျကြ ပြန်တော့ သားတွေသမီးတွေကိုချစ်ကြရင်ပြန်သည်၊ ဆရာနေရာ ရောက်တော့ တပည့်တွေကို ချစ်နေရပြန်သည်၊ ဖိုးဖိုးအရွယ်ရောက်ပြန်တော့မြေးတွေကို ချစ်နေရပြန်သသည်၊ အကာကအချစ် အနှစ်ကမေတ္တာဆိုပြီး မြေးတွေကိုချစ်မ၀ဖြစ်ကြရပြန်သည်၊ကိုယ့်ကိုယ်ကို တကယ် ချစ်ဖို့ မေ့နေသည်၊ မြတ်စွာဘုရားရှင်က“ကိုယ်ကိုယ်ကို တကယ်ချစ်တဲ့ သူဟာ ကောင်းမှုတွေကို မမေ့လျော့တဲ့သူပါ”ဟု ညွှန်ကြားပြခဲ့သည်၊ခု စာရေးသူရော စာဖတ်သူပါ၊ ကိုယ်ကိုယ်ကို တကယ် ချစ်ကြည့်ဖို့ အချိန်တွေမရပဲ သူတစ်ပါးကိုပဲချစ်နေရတဲ့အချိန်တွေနဲ့ပဲ အချိန်တွေတ၀က်ကျိုးခဲ့ပြီ၊ 

ကျန်ရှိနေတဲ့ အချိန်လေးတွေကို တန်ဖိုးရှိရှိအသုံးပြုပြီး ကိုယ့်ကိုယ်တကယ် ချစ်ကြည့်ရအောင်လား စာဖတ်သူ ။ ။

ရွှေမန်းသား ( အရွင္အကုၤရ)

 

No comments:

Post a Comment