ရဘာဒယ်
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ကြီးတွင်နေစဉ်က ကျောင်းပိတ်တဲ့ဥပုသ်နေ့တစ်နေ့တွင် သူငယ်ချင်းတွေစုပြီး မင်းကွန်းသို့ဘုရားဖူးသွားကြသည်၊ အားလုံးပေါင်းသွားကြတဲ့သူ တွေက ငါးပါးဖြစ်သည်၊ အဲဒီအထဲမှာ ဦးရာဇက ကျမ်းပြီးလို့အင်္ဂလိပ်စာလေ့လာကာစ သူသည်မင်းကွန်းရောက်လို့ နိုင်ငံခြားခရီးသည်များတွေ့လျှင် တဖူးဖူးတဖွတ်ဖွတ်နေ အောင် အင်္ဂလိပ်စကားတွေ ရေပက်မ၀င်အောင်ပြောမည်ဟု အားခဲကာပါလာသူဖြစ် သည်၊
ဒီလိုနဲ့တိုက်သစ်ကနေ(၃၅)လမ်းဘက်ထွက်ကာ အမှတ်(၅)ကားစီးပြီး မရမ်းခြံဆိပ် ဘက်ချီတက်ခဲ့ကြသည်၊ မရမ်းခြံဆိပ်မှ ဧရာဝတီတစတ်ဖက်ကမ်းက မင်းကွန်းဘက်ကို မော်တော်နဲ့ကူးကြရန်ဖြစ်သည်၊ မရမ်းခြံဆိပ်ရောက်သောအခါ အဆင်သင့်ပင် မင်းကွန်း ဘက်သွားမည့် မောက်တော်တစ်စင်းလူစောင့်နေတာတွေ့ရသည်၊ နောက်ဆုံးလူပြည့် လို့မော်တော်ထွက်ခါနီးတွင် သုတ်သီးသုတ်ပြာနှင့် နိုင်ငံခြားခရီးသည်အမျိုးသမီးတစ် ယောက်ရောက်ချလာသည်၊ ခရီးသည်များအားလုံးနောက်မှရောက်လာသဖြင့် သူခမျာ ထိုင်စရာနေရမရရှာ၊ မတ်တပ်ကြီးလိုက်ပါလာသည်၊
မော်တော်ထွက်ချိန်မှစကာ မြစ်အ လယ်မှသောင်များ၊လက်ခတ်ကာလှော်နေသောလှေ လေးများ၊ ငါးဖမ်းလှေလေးများကို တဖြတ်ဖြတ်ဓာတ်ပုံရိုက်ကာ လိုက်ပါလာသည်၊ တဖြေးဖြေးဓာတ်ပုံရိုက်နေရင်း အင်္ဂလိပ် စာလျှာသွေးချင်နေသောဦးရာဇကြီးနဲ့နီး သွားသည်၊ ဦးရာဇကြီးလည်း ရောက်လာသည့် အခွင့်အရေးအားလက်မနှေးပဲ “Excuse me, please sit down” ဆိုပြီး သူနေရာကိုပြ ကာထိုင်ခိုင်းသည်၊သို့သော်နိုင်ငံခြားသူမ ကြီးသည် ဦးရာဇကြီးအား ဖုတ်လေသည့်ငပိ ရှိတယ်လို့ပင်မထင်ဖြစ်နေသည်၊ အင်း ငါ့ pronunciation ကညံ့လို့နားမလည်တာပဲဆို ပြီး ဦးရာဇကြီးသည်ဖိုနက်တစ်အသံအမျိုး မျိုးကို ချွေးပြန်အောင်အားခဲကာပြောရှာသည်၊ သို့သော် သို့သော်
အနှီနိုင်ငံခြားသူမကြီးကား အလှုပ်မရှက်ငြိမ်သက်နေဆဲပင်၊ ဒီလိုနဲ့ မော်တော်သည် မင်းကွန်းဆိပ်ကမ်းသို့ခြင်းကပ်လာသည်၊အဲဒီအချိန်မှနိုင်ငံခြားသူမကြီးဆီက ထွက်လာသော စကားကြောင့် ဟိုက်သေပါပြီးဟု ဦးရာဇကြီးငြီးယူရသည်၊ နိုင်ငံခြားသူမကြီးပြောတဲ့စကားကား အခြားမဟုတ် မြန်မာလိုမပီကလာပီကလာနဲ့ပင် ”ရဘာဒယ်” ဟူ၍ဖြစ်တော့သည်၊
နောက်မှမင်းကွန်းပုထိုးတော်ကြီးပေါ်အရောက်တွင် စကားစပ်မိကြရာ သူလည်းမြန်မာ စာစ,သင်နေတာဖြစ်ကြောင်း ကောင်းကောင်းသိရတော့သည်၊ အဲဒီကျမှ အော်ငါနှယ် beginner အချင်းချင်းကြံကြံဖန်ဖန်တွေ့မှတွေ့တတ်ပလေဟု အံတွေသြယူကြရတော့ သည်၊
ရွှေမန်းသား( အရွင္အကုၤရ)
No comments:
Post a Comment