ဟိုကောင်မလေး ဖျားနေတာနဲ့ တူတယ်၊
တစ်ခါက အလွန်ရိုးတဲ့ဆရာတော်ကြီးတစ်ပါးရှိပါတယ်၊ ဆရာတော်ကြီးက ရှေးဆရာတော်ကြီး ဆိုတော့ T.Vကို ကောင်းကောင်းမမြင်ဘူးပါဘူး၊ ဒါကြောင့် T.V ကလာတဲ့ရုပ်သံအကြောင်းကို ကောင်း ကောင်းမသိပါဘူး၊ တစ်နေ့တော့ ဆရာတော်ကြီးကို အရမ်းကြည်ညိုတဲ့ ဒကာမကြီးတစ်ယောက်က သူဆရာတော် ကြီးကို ခေတ်မှီစေချင်တာနဲ့ T.V ကြီးတစ်လုံးဝယ်လှူပါတယ်၊ ဖွင့်ပုံဖွင့်နည်းတွေကို လည်းအားလုံးသင်ပြပေးခဲ့ပါတယ်၊
T.Vကြီးစရောက်တဲ့နေ့ကစပြီး ဆရာတော်ကြီးက T.V
နားကကိုမခွာတော့ပါဘူး၊ အဲဒီ အချိန်တုန်းက ထက်ထက်မိုးဦးရဲ့ ကြော်ငြာတွေက
အရမ်းခေတ်စားတော့ ထက်ထက်မိုးဦး ကြော်ငြာဆိုရင် ဆရာတော်ကြီးက
မလွတ်တမ်းကြည့်ပါတယ်၊ ပန်ပန်ဆိုတဲ့ကြော်ငြာမျိုးဆို ဆရာတော်ကြီးက
လွှတ်ကြိုက်တာပေါ့၊
တစ်ညတော့ ဆရာတော်ကြီးကြည့်နေတဲ့ T.V အစီစဉ်မှာ
အစီအစဉ်အားလုံးသာ ပြီးသွားတယ် ထက်ထက်မိုးဦးကြောငြာက ပါမလာဘူး၊ အဲဒီအချိန်
ဆရာတော်ကြီး ငြီးတွားတဲ့စကားကြောင့် တပည့် အားလုံးဝါးကနဲ့
ပွဲကြသွားခဲ့ရပါတယ်၊ ကြည့်ဦးလေ ဆရာတော်ကြီးပြောကြားတဲ့စကာကလည်း“ အင်း
ဒီနေ့ည ဟိုကောင်မလေး ဖျားနေတာနဲ့တူတယ် ပေါ်ကိုမလာဘူး၊
စာဖတ်သူရော ဘယ်လိုသဘောရပါသလဲ ရီချင်မသွားဘူးလား၊ ရီချင်သွားရင် တော့အားရပါးရ ရီလိုက်ပါနော်။ ။ရွှေမန်းသား (အရွင္အကုၤရ)
No comments:
Post a Comment