ပီယတေဇာယတေ သောကော=ချစ်လို့သောက ဖြစ်ရတယ်လို့
မြတ်စွာဘုရားက ဟောကြား ထားခဲ့ပါတယ်၊ မှန်ပါတယ်၊ တစ်ယောက်ယောက်ကို
ချစ်မိတာနဲ့တပြိုင်နက် မီးလိုပူလောင်ရ တော့တာပါပဲ၊
ကိုယ့်ကိုယ်ပြန်မချစ်တော့ ပြန်မချစ်လို့ပူရ၊ ပြန်လည်ချစ်ပြန်တော့လည်း
သူများနောက် ဘယ်အချိန်ပါသွားမလဲလို့ တွေးတောမှုတွေနဲ့ ပူလောက်နေကြရပြန်ရော၊
ချစ်တယ်ဆိုတာ အရိယာတွေရဲ့အမြင်နဲ့ဆိုရင် မကောင်းဘူးလို့ပြောရမှာပါ၊
ဘာကြောင့်လည်း ဆိုတော့ မြတ်စွာဘုရားကတောင် ကာမသုခလ္လိကော နုယောဂေါ ဟီနော
ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော=ကာမသုခတွေဟာ
အရိယာသူတော်ကောင်းကြီးတွေရဲ့မျက်လုံးထဲ မှာတော့ ယုတ်ညံ့တယ်၊ ရွာသူရွာသား
ပုထုဇဉ်လူသားတို့ရဲ့ လမ်းစဉ်ဖြစ်တယ်၊ အရိယာတွေရဲ့ အရာမဟုတ်ဘူး၊
အကျိုးမရှိဘူး လို့ ဟောကြားခဲ့တယ်မို့လား၊ ဒါက အရိယာသူတွေကောင်းကြီးတွေရဲ့
အမြင်ဘက်က ပြောကြည့်တာပါ၊ ပုထုဇဉ်တွေ အမြင်ကြတော့ ဒီလိုမဟုတ်ပြန်ဘူးလေ၊
သာယာတယ် ငြိမ့်ညောင်းတယ်၊ မင်းမရှိရင် ကိုယ့်ဘ၀ဟာ မသာယာနိုင်ပါဘူးအချစ်ရယ်
ဆိုတာဖြစ်ပြန်ရော၊ နောက် သောက်လေသောက်လေ ငတ်မပြေတဲ့
ချစ်ပြီးရင်းချစ်ချင်ပြန်ရင်းပဲမို့လား၊
ဒါကြောင့်လည်း မန်လည် ဆရာတော်
ဘုရားကြီးက
“ချစ်စရှိလျှင်၊ ချစ်ချင်ချင်တည်း၊
ချစ်ပင်လယ်ဝေ၊ ချစ်မိုးစွေ၍၊
ချစ်စေတနာ၊ထားမိပါက
မကွာရှေ့မှောက်၊မျက်တောင်အောက်က၊
မပျောက်စေလို၊တောင်းဆုဆို၍
အလိုမကျ၊ရှိပြန်ကလည်း၊
သာကပူဆွေး၊ စိတ်မအေး။“ လို့ ဖွဲ့ဆိုထားခဲ့တယ်လို့ ထင်ပါတယ်၊ ချစ်စရှိနေရင် ချစ်ချစ်နေ တာပါပဲလေ၊ မချစ်ရင်မနေနိုင်တာကလွဲလို့ ဆိုတာတွေဖြစ်လာကြပြန်ရော၊ ဒါပေမဲ့ အချစ်ဆိုတာ ဓားသွားထက်က ပျားရည်စက်ကို လျှာနဲ့ရက်ရသလိုပါပဲ မရက်တတ်ရင် ကိုယ့်လျှာကို ပြန်ရှနိုင် တယ်လေ၊ ဒါပေမဲ့ ဒါကိုက အချစ်ရဲ့ ရင်ခုန်ချင်စရာ လေးလို့ တင်စားနေကြတယ်မို့လား၊
“ချစ်စရှိလျှင်၊ ချစ်ချင်ချင်တည်း၊
ချစ်ပင်လယ်ဝေ၊ ချစ်မိုးစွေ၍၊
ချစ်စေတနာ၊ထားမိပါက
မကွာရှေ့မှောက်၊မျက်တောင်အောက်က၊
မပျောက်စေလို၊တောင်းဆုဆို၍
အလိုမကျ၊ရှိပြန်ကလည်း၊
သာကပူဆွေး၊ စိတ်မအေး။“ လို့ ဖွဲ့ဆိုထားခဲ့တယ်လို့ ထင်ပါတယ်၊ ချစ်စရှိနေရင် ချစ်ချစ်နေ တာပါပဲလေ၊ မချစ်ရင်မနေနိုင်တာကလွဲလို့ ဆိုတာတွေဖြစ်လာကြပြန်ရော၊ ဒါပေမဲ့ အချစ်ဆိုတာ ဓားသွားထက်က ပျားရည်စက်ကို လျှာနဲ့ရက်ရသလိုပါပဲ မရက်တတ်ရင် ကိုယ့်လျှာကို ပြန်ရှနိုင် တယ်လေ၊ ဒါပေမဲ့ ဒါကိုက အချစ်ရဲ့ ရင်ခုန်ချင်စရာ လေးလို့ တင်စားနေကြတယ်မို့လား၊
ကြားဖူးတဲ့တော်စတွိုင်းရဲ့ ပုံပြင်လေးတစ်ပုဒ်နဲ့ပြောကြည့်ချင်ပါသေးတယ်၊
တစ်ခါက လူတစ် ယောက်ဟာ ကျားကြီးလိုက်လို့ပြေးပါသတဲ့၊ ပြေးရင်ပြေးရင်းနဲ့
တွင်းနက်နက်ကြီး တစ်ခုထဲကို ကျ သွားပါတယ်၊ ကျားကြီးလက်ကလွတ်ပြီးပေါ့၊
ဒါပေမဲ့ ကံဆိုးချင်တော့ အဲဒီတွင်းတွင်းနက်ကြီးထဲမှာ ကျ လာရင် စားမယ်လို့
စောင့်နေတဲ့ နဂါးကြီးက ပါးစပ်ကြီးဟပြီးစောင့်နေပါသတဲ့ ကံကောင်းချင်တော့
လမ်းတစ်ဝက်မှာ ၀တ်လာတဲ့ အ၀တ်က တွင်းဘေးက သစ်ပင်လေးတစ်ပင်ကို သွားညိပါတယ်၊
ဒီလိုနဲ့ အောက်ကိုမကျပဲ အလယ်မှာသောင်တင်နေပါတယ်၊ ချိတ်နေတဲ့
သစ်ပင်လေးမှာလည်း ပျားအုံလေး က ရှိနေတော့ တစ်စက်စက်ကျနေတဲ့
ပျားရည်စက်လေးတွေကို လျှာနဲ့ရက်ရင်း ခုနက ကျားနဲ့ နဂါရဲ့ ဘေးကို
အေးအေးဆေးဆေးမေ့ထားနေပါတယ်၊
စာရေးသူရော၊ စာဖတ်သူပါ ဒိလိုပဲမဟုတ်လား တစ်ခဏတာ ချစ်ခြင်းတရာလေး အပေါ်မှာ
သာယာပြီး ဒုက္ခတွေကိုမေ့ထားကြတယ်လေ၊ ဒါက ချစ်တတ်သူနဲ့တွေ့လို့ ခံစားဖြစ်
ပျက်တတ်လာ လေးတွေ ရေးပြခဲ့တာပါ၊ ကိုယ်မလိုမုန်းထားသူနဲ့တွေ့ရင်လည်း
စိတ်ဆင်းရဲရတာပဲမို့လား ချစ်သူကို မြင်တော့ ပီတိဖြစ်ရပေမဲ့
မုန်းသူကိုရင်ဆိုင်မိတော့ စိတ်မချိရပြန်ဘူးလေ၊ ဒါကြောင့်ပြောတာပေါ့
စာဖတ်သူရယ် ချစ်ခြင်းမုန်းခြင်း နှစ်ခုကင်းရင် မြတ်သုခတဲ့၊ ဒါပေမဲ့
စာရေးသူရော စာဖတ်သူပါ မချစ်ပဲမနေနိုင်ကြပြန်ဘူးလေ၊ အနုသယနယ်တွင်းမှာ
သမုဒယတကယ်မကင်းသေးတော့ ချစ်ပြီးရင်း ချစ်ချင်နေကြတာလေ၊
ချစ်တာမပြစ်မဟုတ်ပါဘူး စာဖတ်သူရယ်၊ ဒါပေမဲ့ ချစ်တတ်အောင်ကြိုးစား
ကြည့်ရမယ်လေ၊ အလွန်အကျွံကြီးချစ်မိရင် ဒုက္ခရောက်မှာစိုးလို့ပါ၊ ကိုင်းဒါဆို
ဘယ်လိုချစ်မလဲ ဘရိတ် လေးနဲ့ချစ်ပါလို့ပဲ အကြံပေးပါရစေ၊ အချစ်ဆိုတာ
ကြီးကြီးလေးလား၊သေးသေး လေးလားနဲ့ မဆိုင်ဘူး နော် ချစ်မိရင် ဒုက္ခ၊သောကတွေနဲ့
ရင်ဆိုင်တွေ့တတ်လို့ပါ၊ မချစ်တတ်တဲ့ ကလေးမလေးတစ်ယောက် အကြောင်းကို
ပြောပြချင်ပါသေးတယ်၊
သူမကဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀၀ကျော်လောက်က အချစ်
သူရဲကောင်းမလေးပါ၊ နောက် သူဌေးသမီးလေ၊ ဒါပေမဲ့ အချစ်တတ်တော့
အိမ်မှာခိုင်းတဲ့ ကျွန်လေး တစ်ယောက်နဲ့လိုက်ပြေးလိုက်ပြိး နောက်ဆုံး
လင်ကိုမြွေကိုက်၊ သားကြီးရေနစ်၊ သားငယ်စွန်ချီ၊ မိဘ မောင်ဘွားတွေလည်း
တိုက်ပိသေတယ်ကြားတော့ ချစ်ထားတဲ့အချစ်တွေက အဲဒီမှာပေါက်ကွဲပြီး အရူး
တပိုင်း မိန်းမရိုင်းကြီးဖြစ်ခဲ့ရပါတယ်၊ သူမရဲ့နာမည်က ပဋာစာရီပါ၊
ပဋာ-ဆိုတာအ၀တ်မပါပဲ၊ စာရီ-က လှည့်ပတ်သွားလာနေသူလို့ အဓိပ္ပါယ်ရပါတယ်၊ အမှန်က
အချစ်မတတ်တော့ အရူးဇာတ်ဝင် သွားခဲ့ရ တာပါ၊ နောက်ပိုင်း
ဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့တွေ့ပြီး အကျွတ်တရားရကာ ရဟန္တာထေရီမ
ကြီးဖြစ်သွားခဲ့ပါတယ်၊
ဒါကြောင့် သတိလေးနဲ့ချစ်ကြပါလို့၊ မချစ်ပါနဲ့လို့တော့ မပြောပါဘူး၊
ဘာဖြစ်လို့လည်းဆိုတော့ လူတိုင်းက အချစ်နဲ့မကင်းနိုင်ကြလို့ပါ၊
အနာဂါန်မဖြစ်သေးသ၍ ချစ်နေကြရဦးမှာလေ၊ အချစ်အ ကြောင်း
မကောင်းလည်းပြောတာမဟုတ်ပါဘူး၊ ဝေဘန်ဖို့နဲ့ ဆင်ခြင်နိုင်ဖို့ပါ၊
ဒီစာလေးဖတ်ပြီး ချစ် တတ်သူတွေဖြစ်ပါ စေလို့ လည်း ဆုတောင်းလိုက်ပါတယ်။ ။
ရွှေမန်းသား ( အရှင်အကုင်္ရ)
No comments:
Post a Comment