ဒီတစ်ခါ စာဖတ်သူများကို သာသနာနယ်တွင်းက ရီစရာလေးတွေအကြောင်းပြောပြပါဦးမယ်၊ တစ်ချို့စာဖတ်သူများက တရားစကားတွေချည်းဖတ်နေရတော့ ပျင်းနေမယ်ထင်ပါတယ်၊ ဒါကြောင့် ၀က်သားတွေချည်းစားနေရရင် အီသွားတတ်တာမို့ ဒီတစ်ခါ အချင်လေးတွေဖြစ်တဲ့ ရီစရာလေးတွေကိုမြည်းကြည့်ပါဦးနော်၊ ကောင်းလို့အကြိုက်တွေ့သွားရင် စာဖတ်သူရဲ့သူငယ်ချင်း တွေကို လက်တို့ပြီးတော့ပြောပြလိုက်ပါဦး အကောင်းလို့ အကြိုက်မတွေ့ရင် စာရေးသူကို ဝေဖန်အကြံပေးကြပါဦးနော်၊
တစ်ခါက အလွန်အင်မတန်မှရိုးသားတဲ့ ဆရာတော်ကြီးတစ်ပါးရှိပါတယ်၊ ဆရာတော်ကြီးက ပိဋကတ်စာပေတစ်ခုသာလေ့လာဖူးတော့ ကျန်တဲ့ကိစ္စတွေသိပ်မသိပါဘူး၊ ဒါပေမဲ့ ဆရာတော်ကြီးမှာ တူတစ်ယောက်ရှိပါသေးတယ်၊ ဆရာတော်ကြီးတူက လောကီအတန်းကျောင်းမှာနေတာပါ၊ နောက်သူစာကျရင်လည်း အားရပါးရအော်ပြီး ကျက်တတ်ပါတယ်၊
တစ်နေ့ကျောင်းအောက်ထပ်မှာ ဆရာမကပေးလိုက်တဲ့အိမ်စာကို အကျယ်ကြီး အော်ကျက်နေ ပါတယ်၊ ဒါကိုဆရာတော်ကကြားတော့ နားကလောတာနဲ့ ထွေးခံနဲ့ ကောက်ပေါက်တာခံရပါတယ်၊ ကြည့်အုန်းလေ ဆရာတော်ရဲ့တူ ကျက်နေတဲ့စာတွေကလည်း၊
“ အိမ်ပေါ်တက်=အရေးကြီး
အောက်ဆင်း=နွားကြီး၊
မန်း=ဘုန်းကြီး
နန်း=မယ်သီလရင်၊”
ဆရာတော်မပြောနဲ့ စာဖတ်သူတောင် နားကလောသွားမယ်ထင်ပါတယ်၊ အမှန်ကဒီလိုပါ စာဖတ်သူရယ်၊
Important=အရေးကြီးသည်
Oxen=နွားထီးများ
Monk= ဘုန်းကြီး
Nun= သီလရင် ဆိုတဲ့အဓိပ္ပါယ်တွေပဲဖြစ်ပါတယ်။ ။
No comments:
Post a Comment