Friday, 20 July 2012

တွေ့ရကြုံရ တက္ကသိုလ်ကျောင်းသားဘ၀ (၁)


သင်္ကြန်ရောက်လာတော့ သင်္ကြန်မှာကြုံတွေ့ခဲ့ရတဲ့ ရီစရာလေးတစ်ခုကိုရေးပြချင်ပါ သေးတယ်၊ သင်္ကြန်တွင်းမှာ ရေတွေပက်ကစားကြပြီး နှစ်ဆန်းတစ်ရက်ရောက်လို့ရှိရင် ရပ်ကွက်တိုင်းမှာ အန္တရာယ်ကင်းပရိတ်နဲ့ အန္တရယ်ကင်း ကမ္မ၀ါစာတွေရွတ်ဖတ်ကြပါ တယ်၊ ခုပြောပြမယ့် ရီစရာလေးက အဲဒီပရိတ်ရွတ်ရာမှာကြုံတွေ့ဖြစ်ပျက်ခဲ့တာပါ၊
     
  ဖြစ်ပုံလေးက ဒီလိုပါ၊ တစ်ခါက ရပ်ကွက်လေးတစ်ခုထဲမှာ အန္တရာယ်ကင်းပရိတ် ပွဲလေးတစ်ခုလုပ်ပါတယ်၊ ပရိတ်သတ်တွေအားလုံးစုံပြီး သံဃာတော်တွေကြွလာတော့ သီလပေး ပရိတ်ရွတ်စတာတွေကို အစီစဉ်အတိုင်ဆောင်ရွက်သွားတာ အားလုံးအိုကေ နေပါတယ်၊ ကမ္မ၀ါရွတ်တဲ့အချိန်မှာ ပြဿနာက စတော့တာပါ။ ကမ္မ၀ါအစမှာ“နမော တဿ ဘ၀ဂတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” သုံးကြိမ်ရွတ်ဖတ်အပြီး ကမ္မ၀ါကို ကြွရောက်လာတဲ့ဆရာတော်တွေအားလုံး မာန်နဲ့ဌာန်နဲ့ မှန်မှန်ကန်ကန်

“သုဏာတု မေ ဘန္တေ သံဃော” ခွီး ခွီး ဟီးဟီး ၊ခီးခီး ဟီးဟီး ဆိုတဲ့ ရီသံက အစတော့တိုးတိုး နောက် တော့ တဖြေးဖြေးကျယ်လာပါတယ်၊ ကမ္မ၀ါကိုရှေ့မဆက်နိုင်ကြတော့ဘူး၊ ဒါနဲ့ ကဲမပြီးပဲ နေလိမ့်မယ်၊ အစကပြန်ရအောင်ဆိုပြီး“သုဏာတု မေ ဘန္တေ သံဃော”ကိုတစ်ကျော့ ပြန်စကြပါတယ်၊ စတော့လည်း ထိုနည်းလည်းကောင်းပါပဲ ခွီးခွိး ဟီးဟီး နဲ့ ရှေ့ဆက်လို့ ကိုမရလို့ ပရိတ်ပွဲကိုတစ်ဝက်တဖြတ်နဲ့ အဆုံးသတ်ခဲ့ရပါတယ်၊

        ဒါနဲ့သံဃာအားလုံး ကျောင်းရောက်တော့ ပရိတ်ပွဲမှာကမ္မ၀ါရွတ်ရင်း တခွီးခွီး တ ဟီးဟီးရီတဲ့ ဦးသုမနကို ဘာလို့ဒီလောက်ရီရတာလဲ ကိုယ်တော်လို့ ၀ိုင်းမေးကြတော့” တပည့်တော်ဘုရား ဘယ်လိုမှ ထိမ်းမရဘူး၊ တပည့်တော်ရွာတစ်ရွာမှာ ကမ္မ၀ါရွတ်တာကို သတိသွားသွားရလို့ပါ၊ ဟုတ်လားကိုယ်တော် ဘယ်လိုသတိရတာလဲ လင်းစမ်းပါဦးဆိုတော့ ဒီလိုဘုရား၊ တပည့်တော်တို့ ဒီလိုသင်္ကြန်တွင်း ပရိတ်ပွဲတစ်ခုမှာ ”သုဏာတု မေ ဘန္တေ သံဃော“ ဆိုပြီး အသံကိုပြင်းပြင်းနဲ့လည်းရွတ်အပြီး တောထွက်ကိုယ်တော်ကြီးတစ်ပါးက “ဘူ” ဆိုပြီး အကျယ်ကြီးလေလိုက်တာဘုရား အဲဒီမှာလည်း ပရိတ်ပွဲက ဒီလိုပါပဲ တစ်ဝက်နဲ့ပြီးခဲ့ရတာကို သွားသတိရလို့ပါဘုရား”လို့ ရှင်းလင်းလိုက်တော့မှ ကြားရသူကိုယ်တော်များလည်း မပြုံးပဲနဲ့ ၀ါးလုံးကွဲလိုက်ရပါ တော့တယ် စာဖတ်သူရေ၊ စာဖတ်သူများလည်း သင်္ကြန်ပြီးလို့ ပရိတ်ပွဲလုပ်ဖြစ်ခဲ့ရင်

ခု ပြောပြခဲ့တဲ့ အဖြစ်အပျက်လေးကို စိတ်ထဲကသတိရပြီး တရားနာနေရင်း ရီမနေနဲ့ဦး နော်၊

No comments:

Post a Comment