Friday, 20 July 2012

တွေ့ရကြုံရ တက္ကသိုလ်ကျောင်းသား ဘ၀ ( ၆ )



လက်ညှောင်းဘိုး တစ်ထို ဆရာတော်

တစ်ခါက ရွာတစ်ရွာတွင် ဆွေးရင်းမျိုးရင်းတွေစုပေါင်းပြီး အလှူကြီးတစ်ခုပေးကြသည်၊ အလှူတွင် ရပ်ဝေးရပ်နီးမှ မိတ်ဆွေများ၊ ဆွေမျိုးများကိုလည်း ဖိတ်ကြားထားသဖြင့်
စည်ကားလှသည်၊ နောက် ထိုအလှူရေစက်ချတရားကိုလည်း မိမိတို့အမျိုးထဲက စာသင်သားဦးဇင်းလေးတစ်ပါးကို ဟောကြားစေသည်၊ ဦးဇင်းလေးသည်

စာသင်သားဖြစ်သည့်အားလျှော်စွာ တရားဟောဖူးတာမဟုတ် ချေ၊
သို့ပေမဲ့ ဆွေတော်မျိုးတော်တို့ရဲ့ တောင်းဆိုပွဲထုတ်မှုကြောင့် ပလ္လင်ပေါ်ရောက်ရသည်၊ ပလ္လင်ပေါ်တစ်ခါမှ မတက်ဖူးသောဦးဇင်းလေးသည် တက်စတည်းကအသံတွေ တုန်နေသည်၊ သီလပေးပြီး၍ တရားဖို့ရန်အစပြုသည်၊ အားလုံးအိုကေနေသေးသည်၊ ချွေးပြန်ပေမဲ့ ဘာမှဘေးလျှံ ဘောမဖြစ်သေး၍ စိတ်အေးနေသည်၊ တရားအဖွင့်ဘုရားခိုးအပြီး တရားအထွက်တွင် ဘာမှမဖြစ်သော်လည်းတရားအလယ်တွင်
ဝဲလည်ခတ်ရတော့သည်၊ ဟောသည့်တရားက အင်္ဂုလိမာလဖြစ်သည်၊

    လည်ပုံကဤသို့ဤပုံ “ဦးဇင်းတို့ ပရိတ်သတ်ရေ  အဂုင်္လုမာလကြီးက လက်ညှောင်းဘိုးတစ်ထို ပြည့်အောင်” မှားမှန်းသိလိုက်သည်၊ လက်ညှောင်းဘိုးတစ်ထိုကို မှန်အောင်ပြင်ဆိုသည်၊ တည့်မလာ၊ ဒါနဲ့ ရှေ့ဆုံးမှတရားနာနေသော ဓမ္မစကြာအဖွဲ့ထဲမှ ညီမများက “လက်ညိုးပေါင်းတစ်ထောင်ပါဘုရား” ဟု လှမ်း၍တရားထောက်သည်၊ ဒါလည်းတည့်မလာ ပိုဆိုးကာသွားသည် အထက်နဲ့အောက်=
“လက်ညှောင်းဘိုးတစ်ထို”
“လက်ညှိုးပေါင်းတစ်ထောင်”
လက်ညှောင်းဘိုးတစ်ထို”
“လက်ညှိုးပေါင်းတစ်ထောင်”
မပြီးနိုင်အောင် တိုင်ပတ်နေသည်၊ ထောက်တိုင်းလွဲ လွဲတိုင်းထောက် တောက်လျှောက်မှားနေသည်၊

လူရွှင်တော်တွေပျက်လုံးထုတ်တာ သွားသတိရသော ဓမ္မစကြာထဲမှညီမတစ်ယောက်က“ လက်ညှောင်း ဘိုးတစ်ထို” ဟုပြောင်းပြန်အော်ကာထောက်လိုက်သည်၊
အဲဒီတော့မှ ဦးဇင်းလေးလဲ “လက်ညှိုးပေါင်းတစ်ထောင်”ဟု အမှန်တိုင်းခပ်မဆိုင်းပဲ ပါးစပ်က ထွက်လာတော့သည်၊

သို့သော် ထိုတရားပွဲပြီးသည်မှစကာ ဦးဇင်းလေးမှာ“လက်ညှောင်းဘိုးတစ်ထို” ဆရာတော်ဟု ဘွဲ့တော်အသစ်တွင်သွားလေတော့သည်။ ။

ရွှေမန်းသား (အရွင္အကုၤရ)
 

No comments:

Post a Comment