Friday, 20 July 2012

ကံကောင်းခြင်း လက်ဆောင်



ကိုယ်လုပ်တဲ့ အလုပ်တိုင်းဟာ မလုပ်ခင်မှာရော၊ လုပ်နေတုန်းရော၊ လုပ်ပြီးသွားတဲ့ အချိန်မှာရော ဘယ်အချိန်မှာပဲ ပြန်တွေးတွေး စိတ်ထဲမှာ ပျော်ရွှင်မှု ရနေတာဆိုရင် ဒါဟာ ကောင်းတဲ့ အလုပ်ပါ၊ စာလာပေလာအတိုင်းပြောရရင်
ကုသိုလ်ရတဲ့ အလုပ်ပေါ့၊

ကိုယ်လုပ်တဲ့ အလုပ်တိုင်းဟာ မလုပ်ခင်ရော လုပ်နေတဲ့အချိန်မှာရော
လုပ်ပြီးသွားတဲ့အချိန်မှာရော ဘယ်အချိန်မှာပြန်တွေးတွေး စိတ်ညစ်နေရမယ်၊ စိတ်ဆင်းရဲနေရမယ်ဆိုရင် ဒီအလုပ်ဟာ မကောင်းတဲ့အလုပ်ပါ၊ စာပေဆန်ဆန်ပြောပြရင် အကုသိုလ်အလုပ်ပေါ့၊
ကုသိုလ်ရမဲ့ အလုပ်ကိုလုပ်ရင် ကုသိုလ်ရမဲ့အတွေးကို တွေးရင်၊ ကုသိုလ်ရမဲ့ အပြော အဆိုကိုပြောရင် ကံကောင်းတာတွေလက်ဆောင်ရမှာပါ၊

ကုသိုလ်မရတဲ့ အလုပ်၊ အတွေး ၊ အပြောအဆိုတွေကို လုပ်နေမယ်၊ တွေးနေမယ်၊ ပြောနေမယ်ဆိုရင် ကံဆိုးခြင်းတွေလက်ဆောင်ရမှာပါ၊

စာဖတ်သူများ ကံကောင်းခြင်းလက်ဆောင်တွေရအောင် ကုသိုလ်ရမဲ့ အတွေးလေးတွေ အပြောအဆိုလေးတွေ၊ အလုပ်လေးတွေကို အချိန်မရွေးမှာ၊ နေရာမရွေးမှာ လုပ်နိုင်၊ တွေးနိုင် ၊ ပြောဆိုနိုင်ကြပါစေလို့ ။ ။

ရွှေမန်းသား ( အရှင် အကုၤရ)

 

No comments:

Post a Comment