Wednesday, 25 July 2012

ဆုတောင်းမမှားအောင် ဘယ်လိုဆုတောင်းရမလဲ



တစ်ခါကသူဌေးကြီးတစ်ဦးအိမ်မှာ အိမ်ဖော်မလေးလုပ်ပြီး ၀တ်ကောင်းစားလှတွ ရလာတဲ့ကောင်မ လေးတစ်ယောက်ရှိခဲ့ဖူးပါတယ်၊အဲဒီကောင်မလေးက အဲဒီအ၀တ်အစားလေးတွေကို ဒီအတိုင်းသူမ ကိုယ်ပေါ်မှာ ၀တ်လိုက်ရင် ချေးတွေနဲ့ပေသွားမှာစိုး
တဲ့အတွက် ရေကန်တစ်ခုမှာရေချိုးနေပါတယ်၊ 


အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ဆွမ်းခံကြွလာတဲ့ပစ္စေကဗုဒ္ဓါတစ်ပါးကိုတွေ့ပါတယ်၊ကြည်ညို လွန်းလို့ သူမသုံးနှစ်သုံးမိုး ကျွန်ခံလို့ရတဲ့ အ၀တ်အစားလေးတွေကို ပစ္စေကဗုဒ္ဓါကို အာလုံးလှူလိုက်ပါတယ်၊ လှူပြီးတော့ သူမက“ တပည့်တော်မသည် ဤကောင်းမှုကြောင့် နောင်ဖြစ်ရာဘ၀တိုင်းမှာ မြင်သူတကာငေးမောကြည့်ရတဲ့အလှဘုရင်မတစ်ပါးဖြစ်ပါရစေဘုရား၊ တပည့်တော်မ အလှကိုမြင် တဲ့သူတိုင်း အရူတစ်ပိုင်းဖြစ်ပါစေ၊”လို့ဆုတောင်းပါတယ်၊ ပစ္စေဗုဒ္ဓါအရှင်မြတ်ကလည်းတောင်းတဲ့အ တိုင်းပြည့်ဝပါစေလို့ဆုပေးလိုက်ပါတယ်၊ 

ဒီဆုတောင်းကောင်းမှုကြောင့် နောင်ဘ၀ဥမ္မာဒန္တီမင်းသမီး လေးဖြစ်တဲ့ ဘ၀မှာ သိဝိမင်းတရား ရူးသွားခဲ့ပါတယ်၊


ထပ်ပြီး ပုံပြင်လေးတစ်ခု ပြောပြချင်ပါသေးတယ်၊တစ်ခါက ဆဒ္ဒန်ဆင်မင်းလို့ခေါ်တဲ့ ဆင်ကြီး မှာ ဆင်မမိဖုရား ( ၂ )ပါးရှိခဲ့ဖူးပါတယ်၊ အကြီးကမဟာသုဘဒ္ဒါပါ၊ အငယ်က စူဠသုဘဒ္ဒါပေါ့၊ တစ်နေ့ ဆဒ္ဒန်အိုင်အတွင်း ရေချိုးဆင်းကြရင်း ချစ်လို့ကြီစယ်ကြတဲ့အခါပုန်းညက်ပန်းတွေကို ချိုးယူပြီး ဆဒ္ဒန် ဆင်မင်းက သူချစ်မိဖုရားတွေရဲ့ ကိုယ် ပေါ်ပစ်ချပြီးကြီစယ်ပါတယ်၊ ကံမကောင်းအကြောင်းမလှတော့ အငယ်ဖြစ်တဲ့ စူဠသုဘဒ္ဒါရဲ့ကိုယ်ပေါ်ကြဲချတဲ့ ပုန်းညက်ပန်းထဲမှာခါကြင်ကောင်တွေပါသွားပါတယ်၊ 

ခါချင်တွေက စူဠသုဘဒ္ဒါကို ပယ်ပယ်နယ်နယ်ကိုက်ပါတော့တယ်၊ခါကြင်ကိုက်လေစူဠသုဘဒ္ဒါမှာ ဒေါသထွက်လေပါပဲ၊ ငါ့ကိုမချစ်လို့ ခါကြင်ပါတဲ့ အကိုင်းကိုပေးတယ်၊ ဆိုပြီးအာဃာတတရားနဲ့ ဒေါသ တွေထားပါတယ်၊ သူဖြစ်တဲ့ဒေါသကို အသာမထားပဲ ပစ္စေကဗုဒ္ဓါတွေကို သစ်သီးဆွမ်းတွေလှူပြီး“တပည့်တော်မသည် 

ဤကောင်းမှုကြောင့် နောင် ဘ၀၀ယ် ဤဆဒ္ဒန်ဆင်မင်းရဲ့ အစွယ်ကိုဖြတ်ယူ၍ နားဍောင်းအဖြစ်ပန်ဆင်နိုင်ရပါစေသား”ရယ်လို့ ဆုတောင်းပါတယ်၊ တိုတိုပြောရရင် သူတောင်းတဲ့ဆု ပြည့်ခဲ့ပါတယ်၊ ဒါပေမဲ့ စိတ်ချမ်းသာသလားဆိုတော့ စိတ်မချမ်းသာခဲ့ပါဘူး၊ ဘ၀ဟောင်းက သူ့မရဲ့ အကြင်နာဟောင်းရဲ့အသေခံအနစ်နာခံပေးလိုက်တဲ့ဆင်စွယ်နှစ်ချောင်းပိုက်ကာ သေပွဲဝင်ခဲ့ရပါတယ်၊
 

          ပြောပြချင်တာကတော့ စာဖတ်သူရယ်၊ ဆုတောင်းမမှားဖို့ဆိုတာပါပဲ။ စာရေးသူရောစာဖတ် သူပါ ဆုတွေအများကြီး တောင်းခဲ့ဖူးပါတယ်၊ တစ်ခါတစ်ခါ ဘုရာရှေ့ပူဇော်ထားတဲ့ ဖရောင်းတိုင်သာကုန်သွားမယ်၊ ဆုတောင်းက မပြီးသေးဘူးလေ၊ စာဖတ်သူရော အဲဒီလို ဖြစ်ဖူးမယ်ထင်ပါတယ်၊ မြတ်စွာဘုရားကတော့အဲဒီလိုတွေဆုတောင်းမ မှားစေဖို့ သံသရာလမ်းဆုံးဖြစ်တဲ့ နိဗ္ဗာန်ကိုပဲ ဆု တောင်းပါတဲ့ ၊ သံသရာလမ်းဆုံးကို ဆုတောင်းမယ်ဆိုရင်ကျန်တာတွေ အားလုံးကျွဲကူးရေပါဆိုသလို ပါလာမှာပါတဲ့၊ ဥပမာလေးပေးရမယ်ဆိုရင် 


မန္တလေးသွားတဲ့ခရီးသည်ဟာမန္တလေးဘူတာထိလက်မှတ် ဖြတ်ထားရင် ကျန်တဲ့ ကြားကဘူတာတွေကို  အလိုလိုရောက်သွားမှာလေ၊ ဒါကြောင့် စာရေးသူရော စာဖတ်သူရောဆုတောင်းမမှားအောင် နောက်နောင်ဘယ်ကောင်းမှုပဲပြုပြု နိဗ္ဗာန်ကိုပဲဆုတောင်းကြည့်ရအောင်လား၊ အဲဒီလိုဆို ဆုတောင်းမှားနိုင်မယ် မထင်တော့ဘူးလေ၊ ဒါဆို ခုရော နောင်ရောစာဖတ်သူရော စာရေးသူဘ၀တွေ ကောင်းစားသွားမှာပေါ့ နော်။ ။


ရွှေမန်းသား( အရှင်င်္ကုရ)

No comments:

Post a Comment