တစ်ခါတုန်းက မိုညှင်းသံဗုဒ္ဓေဘုရားတွေကို တည်သွားခဲ့တဲ့ မိုးညင်းဆရာတော်ဘုရား ကြီးမှာ ဘုရားတည်ဖို့ သိမ်းဆည်းထားတဲ့ရွှေတွေနဲ့ ငွေတွေပျောက်သွားပါတယ်၊ ပျောက်သွားတဲ့ ရွှေတွေကလည်း ကာလပေါက်ဈေးနဲ့ဆို အများကြီးပါ၊ ဆရာတော်ကြီး ပစ္စည်းတွေပျောက်တယ်သတင်းကြားတော့ ရွာထဲကလူတွေက သတင်းမေးရအောင် တစ်ယောက်ပြီး တစ်ယောက်ရောက်လာကြပါတယ်။
လာမေးတဲ့သူတွေထဲမှာ သူကြီးလည်းပါပါတယ်၊ သူကြီးက “ဆရာတော် ပစ္စည်းတွေ ပျောက်သွားတာ ဟုတ်ပါသလားဘုရား”
အဲဒီလိုမေးလိုက်တော့ ဆရာတော်ကြီး “ဒကာကြီးရယ် ရှက်လွန်းလို့ အဲဒီသတင်းမမေး ပါနဲ့”လို့ တားပါတယ်၊
ဒီလိုတားတာကို သူကြီးက နားမလည်တော့“ဆရာတော်ပျောက်တဲ့သူက ဘာရှက်စရာ လိုလို့လဲဘုရား ခိုးသွားတဲ့သူကသာ ရှက်ရမှာဘုရား”လို့ပြန်လည်လျှောက်ထားတော့
ဆရာတော်ကြီးက“ဒကာကြီး အရင်ဘဝက ကိုယ်က သူများပစ္စည်းဥစ္စာ ခိုးယူခဲ့လို့သာ ဒီဘဝမှာ ကိုယ်ပစ္စည်းကို ပြန်အခိုးခံရတာပေါ့၊ ဒါကြောင့် ခုတော့ ဘုန်း ကြီးအရင်ဘဝက မကောင်းမှုတွေဟာ ဘူးပေါ်သလိုပေါ်လာလို့ ရှက်လွန်းလို့ပါ”လို့ ပြန် လည်အမိန့်ရှိမှ သူကြီးလည်း ကောင်းကောင်းသဘောပေါက်သွားပါတယ်။
ဒီဇာတ်လမ်းလေးဟာ ဟိုဂျပန်ခေတ်လောက်က မုံရွာအနီး သံဗုဒ္ဓေကျောင်းမှာဖြစ်ခဲ့တာ ပါ၊ဒီဇာတ်လမ်းထဲမှာ ဆရာတော်ကြီးဟာ ဘယ်လောက်သူတော်ကောင်းပီသလိုက်ပါသ လဲ သူခိုးခိုးသွားတာကို ခိုးတဲ့သူခိုးကို အပြစ်မထင်ပဲ ကိုယ်အရင်ဘဝတွေက မကောင်း တဲ့ခိုးမှုကြီးလုပ်ခဲ့လို့သာ ပြန်အခိုးခံရတာလို့ ကိုယ်အပြစ်ကို ပြန်လည်ဆင်ခြင်ခဲ့ပါတယ်၊
စာရေးသူတို့ စာဖတ်သူတို့ဆိုရင် ဒီလိုမြင်မှာမဟုတ်ပါဘူး၊ ပစ္စည်းတွေခိုးသွားတဲ့သူခိုးကို အပြစ်တွေတင်နေမှာပါ၊ နောက်ဆုံးရုံးတွေတိုင် မသင်ကာတဲ့သူတွေကို ဖမ်းဆီးနဲ့ အ လုပ် တွေအရမ်းကိုရှုတ်ကုန်မယ်ထင်ပါတယ်၊
သူတော်ကောင်းကြီးတွေများကြတော့ နှလုံးသွင်းက ချစ်စရာကောင်းလိုက်တာ သူ့အ ပြစ်လို့ မကြည့်မြင်ပဲ ကိုယ်အပြစ်လို့ရှုမြင်ပြီး တရားနဲ့ဖြေတတ်လိုက်တာဟာ အရမ်းကို အတုယူသင့်တဲ့ အကျင့်လေးတွေပါ၊
တကယ်လို့များ စာဖတ်သူတို့လဲ အခန့်မသင့်လို့ ကိုယ်ပစ္စည်းတွေများ တစ်ယောက် ယောက်က ခိုးယူသွားတာခံရရင် ”အော် ငါက အရင်ဘဝတွေက သူများပစ္စည်းခိုးယူခဲ့ လို့သာ ဒီဘဝငါမှာ ပြန်အခိုးခံရတာ”လို့ သူတော်ကောင်းတို့ရဲ့ နှလုံးသားနဲ့ ခွင့်လွှတ်နား လည်နိုင်ကြပါစေလို့။ ။
ရှင်အကုင်္ရ (ရွှေမန်းသား)
သာသနတက္ကသီလာဓမ္မာစရိယ၊ B.A( Hons) M.A(thesis) M.A( Sri lanka)
Ph.D ( research) Annamalai University. India.
No comments:
Post a Comment