အပေးနဲ့
အယူကို ဆက်ပြီးပြောပြချင်ပါသေးတယ်၊ပထမရေးပြထားတာလိုနေမယ် ထင်လို့ပါ၊
ကဲစလိုက်ကြရအောင် တစ်ခါက မြို့ပြင်က ဇရပ်လေးပေါ်မှာတောင်းစားနေတဲ့
ဆင်းရဲသားလင်မယား ရှိခဲ့ဖူးပါတယ်၊ တစ်နေ့ မယားဖြစ်တဲ့သူက
ရှင်ဘုရင်ရဲ့ပွဲတော်အုပ်ကို စားချင်တယ်ဆိုတဲ့ ချဉ်ခြင်းတပ်ပါတယ်၊
လင်ဖြစ်တဲ့ ယောင်္ကျားခမျာ မနေသာဘူးပေါ့၊ဘုရင်ပွဲတော်အုပ်ကို ယူပေးဖို့ရာ
နည်းလမ်းရှာရတော့တာပါပဲ။ လိုလျှင်ကြံဆ နည်းလမ်းရဆိုသလိုဘုရင်နန်းတော်ကို
သင်္ကန်းဝတ်ပြီး
ရဟန်းတု အယောင်ဆောင်သွားဖို့ ကြံလိုက်ပါတယ်၊
ဒီလိုနဲ့ဘုရင်ကြီးရဲ့ နန်းတော်ဆီကို သင်္ကန်ရုံပြီး ၀င်ခဲ့ပါတယ်၊
ရှင်ဘုရင်ကြီးလည်း သူ့နန်းတော်ကိုကြည်ညိုစရာကောင်းတဲ့ ရဟန်းတစ်ပါးကြွလာလို့
ဝမ်းသာပီတိတွေဖြစ်ပြီး သူစားမဲ့ပွဲတော်အုပ်ကိုလှူလိုက်ပါတယ်၊ နောက်
အမတ်တစ်ယောက် ကိုလည်း ရဟန်းပြန်ကြွတဲ့ နေရာကို
လိုက်ကြည့်ခိုင်းပါတယ်၊မင်းကြီးစိတ်ထဲမှာ ဒီကိုယ်တော်ဟာ
သာမန်ရဟန်းမဟုတ်တန်ဘူး ရဟန္တာဖြစ်ရမယ်လို့
တွက်ဆထားလို့ပါ၊လိုက်ကြည့်ခိုင်းတဲ့ အမတ်လည်း
ရဟန်းရဲနောက်ကနေထပ် ကြပ်မကွာ
နောက်ယောင်ခံလိုက်သွားပါတယ်၊ဖြစ်ချင်တော့ စာရေးသူရေ မြို့ပြင်က
သူတို့လင်မယားနေတဲ့ ဇရပ်ပေါ်လည်းရောက်ရော ရုံလာတဲ့သင်္ကန်းကိုချွတ်ပြီး
လူဝတ်လဲလိုက်ပါတယ်၊ နောက်ယောင်ခံလိုက်လာတဲ့ အမတ်မင်းခမျာ
အံ့သြလွန်းလို့နန်း တော်ပြန်ရောက်ရင် မင်းကြီးကို
ဘယ်လိုသံတော်ဦးတင်ရမလဲဆိုတာ အုန်းစားသွားပါတယ်၊
ဒီလိုနဲ့ နန်းတော်ပြန်ရောက်
“ဘယ်လိုလဲမောင်မင်း ရဟန်းဘယ်ကို ထွက်သွားလဲ” လို့
ရှင်ဘုရင်ကြီးကမေးမြန်းတော့ အမတ်မင်းလည်း ပညာသားပါပါနဲ့ “မှန်လှပါ မင်းတရား
ရဟန်းဟာ မြို့ပြင်လည်းရောက်ရဟန်းအသွင်ကွယ်ပြောက်သွားပါတယ်ဘုရား”
ဒီလိုလျှောက်စကားကြားတော့
မင်းကြီးက “အင်း
ဆွမ်းလှူလိုက်တဲ့ရဟန်းဟာသာမာန်ရဟန်းမဟုတ်တန်ရာ ဧကန်ရဟန္တာဖြစ်ရမယ်ဆိုပြီး
ပီတိတွေတစ် ဖွားဖွားဖြစ်ပွါးနေပါတော့တယ်၊ပြောရရင် အမတ်လိမ္မာနဲ့ တွေလို့ပါ၊
ဒီလိုသာမတွေ့ပဲ အမှန်ကို ဘွင်းဘွင်းလင်းလင်း
လျှောက်ထားတဲ့အမတ်မျိုးနဲ့သာတွေ့ခဲ့ရင် ဘုရင်ကြီးကြည့်ညိုမှုတွေပျက်ဆီးကာ
သေစေလို့ပြောပြီး လူသတ်မှုမကောင်းမှုကြီးကိုလွန်ကျူးမိမှာ
အမှန်ပါ၊
နောက် ဘုရင်ကြီးတစ်ပါးအကြောင်းကို ထပ်ပြေပြချင်ပါသေးတယ်၊
ခပ်တိုတိုပဲပြောပြပါမယ်၊တစ်ခါတော့ ဘုရင်ကြီးတစ်ပါးက နေ့ဆွမ်းစားချိန်မှာ
နန်းတော်နဲ့နီးတဲ့ ကျောင်းတစ် ကျောင်းကခင်ကြီးတစ်ပါးဆီကို
ဆွမ်းအုပ်ပို့ခိုင်းလိုက်ပါတယ်၊ ကျောင်းကို မင်းချင်းတွေ
ဆွမ်းအုပ်သွားအပို့မှာခင်ကြီးက ကန်ထဲမှာ ငါးမျှားနေပါတယ်၊ ဒါနဲ့
မင်းချင်းတွေလဲ ဒီရဟန်းကြီး သီလမှရှိဘူးမလှူဘူးဆိုပြီး ဆွမ်းအုပ်ကို
နန်းတော်ပြန်ယူလာပါတယ်၊ ဘုရင်မင်းတရားကို
အကြောင်းစုံလျှောက်ကြားတော့မင်းတရားက“ မောင်မင်းတို့ကို မြင်တော့ ခင်ကြီးက
ငါးဆက်မျှားနေသလား၊ မှန်လှပါဘုရား ကျွန်တ်ာမျိုးကိုမြင်တော့ ငါးမျှားတန်ကို
ခြေထောက်နဲ့ ရေထဲကိုနင်းဖိထားပြီး ၀ှက်ထားတယ် ဘုရား၊ ဟေ ဒါဆိုပြန်သွားပြီး
ဆွမ်းအုပ်ကို လှူချေပါကွယ်၊ ဘာကြောင့်လဲဘုရား၊ သူ့မှာ ရှက်တတ်တဲ့
အသိဥာဏ်လေးရှိသေးတော့ ကြည်ညိုစရာကောင်းပါတယ်ကွယ်၊ ပုံပြင်လေးကတော့ ဒါပါပဲ
စာဖတ်သူရေ၊
ဘုရင်ကြီးနှစ်ပါးအကြောင်းကို ပြောပြလိုက်တာပါ၊ မထမဘုရင်ကြီးက အမတ်လိမ္မာနဲ့တွေ့လို့ ကုသိုလ်တရားတွေပွါးများရတယ်၊
ဒုတိယဘုရင်ကြီးကြပြန်တော့သူကိုယ်တိုင်ကြည်ညိုပြီး ပေးလှူတတ်လို့
ကုသိုလ်တွေရတယ်လေ၊
စာဖတ်သူရော
ကိုယ်ကသူများကိုပေးတဲ့အခါဘယ်လိုစိတ်ထားမျိုးနဲ့ ပေးမလဲ၊
အပေးမတတ်ပြန်ရင်လည်း ကိုယ်ပစ္စည်းနဲ့ကို အကုသိုလ်တွေတစ်လှေကြီးရမှာနော်၊
စာရေးသူတော့ ဒီပုံပြင်လေးတွေဖတ်မှတ်သားပြီး ပေးတတ်အောင်
ကြိုးစားကြည့်နေပါတယ်၊စာဖတ်သူလည်း ဒီပုံပြင်လေးတွေ ဖတ်ပြီးချိန်ကစပြီး
ပေးတတ်အောင် ကြိုးစားကြည့်ပါနော်။။
ရွှေမန်းသား ( အရွင္အကုၤရ)
No comments:
Post a Comment