ဟတ်ချိုး ဘုရား
တစ်ခါက ရွာတစ်ရွာမှာ ဦးကြည်လို့ခေါ်တဲ့
ကျောင်းဒကာကြီးတစ်ယောက်ရှိပါတယ်၊ ဦးကြည်က ဘာသာရေးကိုအရမ်းလုပ်တာပါ၊
ကိုယ်တိုင်လည်းကျောင်းဒကာကြီးဖြစ်သလို ရပ်သူရွာ သားတွေကိုလည်း
တရားအသိသိပ်ရစေချင်တာပါ၊ ဒါကြောင့်လည်း သူဆောက်ထားတဲ့ ကျောင်းကြီး ကို
တရားဟောကောင်းတဲ့ ဦးသုမနဆိုတဲ့ဆရာတော်ကြီးကိုတင်ပြီးကိုးကွယ်ထားတာပေါ့၊
ဆရာတော်ကြီးက တရားဟောကောင်းပေမဲ့ ဒေါသကတော့အရမ်းကြီးပါတယ်၊
ထစ်ခနဲ့ဆို ဗျစ်ကနဲ့ထွက်ပြီးသားပဲ ဒေါသပြောပါတယ်၊ ထောင်းကနဲ့ဆို
ဗျောင်းကနဲ့ပဲ သူအနီးရှိတဲ့ပစ္စည်းတစ်ခုခုနဲ့ သူဒေါသဖြစ်တဲ့သူကို
ပစ်ပြီးသားလေ၊ ဖြစ်ချင်တော့ တစ်နေ့မှာ ကျောင်းဒကာကြီးရဲ့အိမ်က ဘုရား
အနေကဇာတင်ပွဲလုပ်ပါတယ်၊ အဲဒီဘုရား အနေကဇာတင်ပွဲမှာ ဆရာတော်ကြီးပဲ
တရားဟောပါတယ်၊
အနေကဇာတင်ဆိုတာ အားလုံးသိကြတဲ့အတိုင်း
မနက်အစောကြီးလုပ်ကြတာများတယ်လေ၊ အစော ကြီးကဖြစ်သေး၊ ခုလိုအေးတဲ့
ဆောင်းရာသီကာလကြီးမှာဆိုတော့ ကျောင်းဒကာကြီးဦးကြည်က
အအေးမိချောင်းဆိုးနေပါတယ်၊ ဒါပေမဲ့ ဆရာတော်ကြီးတရားဟောနေတဲ့အချိန်မှာ
ရှေ့ဆုံးကနာရ တာပေါ့၊ ကျောင်းဒကာကြီးဆိုတဲ့ဂုဏ်နဲ့ဆိုတော့ တရားပွဲကို
မျက်နှာလွဲ နေလို့မဖြစ်ဘူးလေ၊
ဆရာတော်ကြီးက ဘုရားအနေကဇာတင်ပွဲဖြစ်တဲ့အတွက် ဒီဘဒ္ဒကမ္ဘာမှာပွင့်တော်မယ့် ဘုရား (၅) ဆူအကြောင်းကိုဟောတော်မူနေပါတယ်၊
“ဒကာကြီးဒကာမကြီးများ ဒီဘဒ္ဒကမ္ဘာမှာ ဘုရားဘယ်နှစ်ဆူပွင့်မလဲဗျာ”
“မှန်လှပါ ငါးဆူပါဘုရား”
“အေး အဲဒီငါးဆူထဲမှာ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမဆိုတဲ့ ဘုရားလေးဆူက
ပွင့်ပြီးသွားပြီ ကွဲ့ ခု နောက်ဆုံးတစ်ဆူပဲကျန်တော့တယ်၊
အဲဒီနောက်ဆုံးတစ်ဆူက ဘယ်ဘုရား ဖြစ်မလဲကွယ်”
ဆရာတော်ကြီးမှ မေးခွန်းမဆုံးသေးဘူး၊
ကျောင်းဒကာကြီးဦးကြည့်လုပ်ပေါက်ကြောင့် ဆရာတော်ကြီး လည်း ထောင်းကနဲ့
ဖြစ်သွားတာပေါ့၊ ကြည့်ဦးလေ ဦးကြည်အကျင့်ကလည်း နှာစီးတာ အသာမစီးဘူး ၊ “ဟတ်ချိုးဘုရား”ဆိုပြီး
နောက်ဆက်တွဲအရောင်လေးနဲ့ဆိုတာ့ ဆရာတော်ကြီး ဖျောင်းဆိုထောင်းကနဲ့
ဖြစ်ရတာပေါ့။ အဲဒီမှာ တရားပွဲက ဦးကြည့်ကြောင့် သာဓုမခေါ်ရပဲ
ဝါးလုံးကွဲအောင်ရယ်ရတဲ့ ဟာသပွဲ ဖြစ်သွားပါတော့တယ်။ ။
ရွှေမန်းသား (အရွင္အကုၤရ)
No comments:
Post a Comment